ကျောက်ဆည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ်(၁)အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ် စာအုပ်(၁)အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၃၃၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးသောစားအုန်းဆီများကို Resources Group Trading Co,Ltd. မှ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ(၆၂၈၅)ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး ရောင်းဈေး(၁)ပိဿာ(၇၃၈၅)ကျပ်နှုန်းဖြင့် ဆီအရောင်းဆိုင်ဖြစ်သည့် နေလသုခ-၂ စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ မုန်တိုင်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာများသို့ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။
စုစုအေး (ကျောက်ဆည်)