ရန်ကုန် ဩဂုတ် ၁၉
သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်း ဦးဆောင်၍ အတန်းခွဲအသီးသီးမှ အတန်းမှူးများ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အတန်းခွဲအလိုက် အတန်းမှူးများ ဦးဆောင်၍ အာဟာရဖြစ်စေမည့် အစားအစာများအား ကျွေးမွေးလှူဒါန်းခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၄၀၀)ဦးရှိပြီး ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ဆက်လက်ကျွေးမွေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းထံမှ သိရသည်။
ဖြိုးသီဟ