မိုင်းရယ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းရာတွင် မိုင်းရယ်မြို့နယ် လဝကဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင် ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်