သန်လျင်မြို့နယ် အ.လ.က ညောင်သုံးပင်ကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

ရန်ကုန် သြဂုတ် ၁၉

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှုထမ်းရပ်ကွက်ရှိ အ.လ.က ညောင်သုံးပင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်စံလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ပတ်သတ်၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယင်လုံအိမ်သာဖြစ်ရန်နှင့် အိမ်သာသန့်ရှင်းရေး၊ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးတို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခဲ့မှုများအား ကျန်းမာရေးစစ်ဆေးခြင်း၊ စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ