မိုင်းပျဉ်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ မြို့ပေါ်ရပ်ကွက် (၃) ခုမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျောင်းလုံဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိက အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံ၊ အသုံးပြုနည်းများအားလည်းကောင်း ရှင်းလင်းပြသပေးသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအား ရှမ်းဘာသာဖြင့် ထပ်ဆင့်၍ ရှင်းလင်းပြသပေးသည်။ ယင်းနောက် တက်ရောက်လာသော မြို့ပေါ်ရပ်ကွက် (၃) ခုရှိ ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အလားတူ မိုင်းပျဉ်းမြို့နယ်အတွင်း ကျန်ရှိသော တုံတာမြို့အပါအဝင် ကျေးရွာအုပ်စုအားလုံးတို့မှ ရပ်ရွာပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း လက်တွေ့သရုပ်ပြခြင်းကို (၂၀-၈-၂၀၂၅) ရက်နေ့မှ (၂၅-၈-၂၀၂၅) ရက်နေ့အထိ ရက်အလိုက်နေရာဒေသသတ်မှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)