မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး ဟောပြောပွဲကျင်းပ

ပြည်ကြီးတံခွန် ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင်အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိ ပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနမှ ဒေါ်ခင်မျိုးဆင့်က အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပေါ်လာပါက မိမိတို့ထံ လာရောက်ဆက်သွယ်တိုင်ကြားနိုင်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စကားနဲ့သော်လည်းကောင်း၊လက်နဲ့သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်မှုဖြစ်လာပါက အိမ်တွင်းအကြမ်းဖက်မှု‌ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီးတက်ရောက်လာသူများမှ ပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များအား ဖတ်ရှုလေ့လာကြည့်ရှုခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်