ကြည့်မြင်တိုင်မို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ငါးနှစ်အောက်ကလေးငယ်များအား အာဟာရဖွံဖြိုးရေး ဗီတာမင် A တိုက်ကျွေးခြင်း ဆောင်ရွက်

ကြည့်မြင်တိုင် သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စျေးကြီးအရှေ့ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် မိခင်နို့တိုက်ကျွေးခြင်း၊ ငါးနှစ်အောက်ကလေးငယ်များအား အာဟာရဖွံဖြိုးရေး ဗီတာမင် A တိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောင်ကဘေးငယ်များအား ဗီတာမင် A တိုက်ကျွေးခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နို့တိုက်မိခင်များ အာဟာရဖွံဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေးအတွက် တစ်ဉီးလျှင် အိုင်အိုဒင်းဆား (၁) ထုတ်စီ၊ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)