ဗိုလ်တထောင် ဩဂုတ် ၁၉
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ်ရေး ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန် နေ့နေ့လယ်(၁)နာရီခွဲအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ(၇)နှစ်ထိ ကျောင်း သား၊ ကျောင်းသူများအား ကွင်းဆင်းတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
ထိုပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ရေးကွင်းဆင်းတိုက်ကျွေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဗိုလ်တထောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ခင်ညွန့် နှင့်အဖွဲ့ဝင်များ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇင်မာဝင်းနှင့်ဆရာမများမှ ကျောင်းသား/ကျောင်းသူ(၉၁)ဦးတို့အား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးများကို ဝိုင်းဝန်းပူးပေါင်းပါဝင်တိုက်ကျွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း( ပြန်/ဆက် )