မြစ်သားမြို့နယ် အခြေခံပညာ‌မူလတန်းကျောင်းများတွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

မြစ်သား ဩဂုတ် ၁၉

 မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟာ‌ပြောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရွှေသူဌေးအခြေခံ ပညာမူလတန်းကျောင်းတွင် ကျန်းမာ‌ရေးစစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာစာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေး ခြင်း၊ သံဓါတ်အားဆေးများတိုက်ကျွေးပေးခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးနည်း စနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ် သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများ အကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး ခြင်း၊‌သောက်‌ရေအိုးများတွင် ရေသန့်ဆေးခတ်ခြင်းများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပေးခြင်းများ‌ ဆောင်ရွက်ခဲ့‌ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)