မိုင်းခုတ်မြို့ အ-မ-က (ဝမ်ကတ်) ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

မိုင်းခုတ် သြဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့အမက(ဝမ်ကတ်)ကျောင်းတွင်ယ​နေ့နံနက် ၁၀ နာရီအချိန်က ​ကျောင်းသား၊​ ကျောင်းသူများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်ပေတိုင်းခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်းစသည့် ​ကျောင်းကျန်းမာ​ရေးစစ်​ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို မိုင်းခုတ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်အားမီက တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မိုင်းခုတ်မြို့ အ-မ-က (ဝမ်ကတ်) မှ ကျောင်းသား၊​ ကျောင်းသူ (၅၄) ဦးအား ကျန်းမာ​ရေးစစ်ဆေးဆောင်ရွက်ပြီး ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် KG ကလေးငယ်များအား နေ့လည်စာအာဟာရ ကျွေးမွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)