လမ်းမတော် သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာရေးစစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် Little Learners Preschool ၌ ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်ခြင်းကို လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနီနီအေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ Little Learners Preschool ၌ ကျောင်း သား/သူများအား အစာအုပ်စု(၅)အုပ်စုအကြောင်းရှင်းပြခြင်း၊ စနစ်မှန်သွားတိုက်နည်းအားသရုပ်ပြသင်ကြားပေးခြင်း၊ သန့်လေးသန့်၊ ရန်သူ၊ အစာစားပါကဗျာများ အားသင်ကြားခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ MUAC တိုင်းတာခြင်းများနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးစသည့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)