မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်​မြှင့်တင်​ရေး စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်ပြသ

မိုင်းခုတ် သြဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်​မြှင့်တင်​ရေး နံရံကပ်စာစောင်များ ပြသ​ခြင်း​နှင့်စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများအား စာအုပ်စာပေချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထို့နောက် ပြသထားသည့် သုတ၊ရသဆိုင်ရာစာအုပ်စာ​စောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် အမျိုးသမီးအကြမ်းဖက်မှုကာကွယ်တိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား စာပေချစ်မြတ်နိုးသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)