ဒဂုံမြောက်၌ ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဒဂုံမြောက် ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်း၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဩဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အသင်းဉက္ကဋ္ဌ ဦးရွှေဘက အသင်း၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄ - ၂၀၂၅ နှစ် ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော အသင်းသားများအား အသင်းသား အကျိုးဝေစုနှင့် စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ