လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ခရိုင်အဆင့်၊ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၅)ဖွင့်လှစ်

လှိုင်သာယာ(အနောက်) သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင်ပြုလုပ်ရာ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲထွန်းဇော်၊ အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ခေါင်းဆောင်များ၊ အင်းစိန်ခရိုင်အတွင်းမြို့နယ်များမှ သင်တန်းသားများတက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် အင်းစိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲထွန်းဇော်က ခရိုင်အဆင့်မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဥ်(၂/၂၀၂၅)ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ယခုလိုဖွင့်လှစ်ရခြင်းဟာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှကာကွယ်စောင့်ရှောက်မှုပေးနေရသလို မမျှော်လင့်ဘဲရုတ်တရက်ဖြစ်ပွားတတ်သောသဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့အတွက် ဆုံးရှုံးမှုနည်းပါးသည်ထက်နည်းပါးစေရန်ကြိုတင်​မျှော်မှန်းပြီး ကြိုတင်ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် မီးသတ်ဦးစီးဌာနအနေနဲ့ ခရိုင်အဆင့်ဒီလိုသင်တန်းများအား နှစ်စဥ်စဥ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနချုပ်တွင်လည်း ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများတွင်လည်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားသည့်အခါ သွားရောက်ကူညီနိုင်ရေးအတွက် Light Team အဆင့်နှင့် Medium Team အဆင့်ထိ အဆင့်မြှင့်တင်နိုင်ရေးကို တိုက်တွန်းအားပေးဆောင်ရွက်နေကြောင်းမျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်စဥ်များကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်မကြာခဏဖြစ်စဥ်များတွင် ရှေ့တန်းကျကျတုန့်ပြန်ရင်ဆိုင်ရမှာ​ဖြစ်တဲ့အတွက် မီးငြိမ်းသတ်ရေးနှင့်ရှာ​ဖွေကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာမှာအသုံးပြုနေတဲ့ ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်မိမိတို့ခရိုင်အတွင်းမှာရှိတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များယခုသင်တန်းကိုတက်ရောက်လာကြတဲ့ တပ်ဖွဲ့ဝင်များမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များအားလုပ်ငန်းအတွင်းမိမိတို့၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှလုပ်ဆောင်ကြပါ၊ ပြည်သူလူထုအားကိုးယုံကြည်ရတဲ့တပ်ဖွဲ့ဝင်များဖြစ်ရေးအတွက် စေတနာ၊ ဝါသနာ၊ ကရုဏာပြည့်စုံစွာဖြင့်လုပ်ငန်းတာဝန်တွေကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်ကြပြီး မိမိကျရာအခန်းကဏ္ဍကနေကြိုးစားသွားကြပါလို့မှာကြားသည်။

အခမ်းအနားအပြီးတွင် ခရိုင်အုပ်ချုပ်ရေး​မှူးနှင့်အဖွဲ့သည် ​သင်တန်းသားများအား ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားကာ မီးသတ်တပ်ဖွဲ့ ၏လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းကို သင်တန်းသားဦးရေ(၁၀၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်( ၁၄) ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်သန်း(ပြန်/ဆက်)