လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁) နာရီ၌ ရွှေလင်ပန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁၄)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဗလငါးတန်ဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလနှင့် စာရိတ္တဗလငါးတန်ဖြစ်ကြောင်းနှင့် စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေသည်အသိပညာတိုးပွားပြီးတည်ကြည်ရင့်ကျက်စေပြီး အတွေးအခေါ်ကောင်းလာခြင်း၊ ရသစာပေသည် စိတ်နှလုံးကိုနူးညံ့သိမ်မွေ့စေပြီး ကိုယ်ချင်းစာတရားရှိခြင်း၊ ယဉ်ကျေးလာပြီး ကိုယ်ရည်ကိုယ်သွေးတိုးတက်စေပြီး မိမိကိုယ်ကိုယုံကြည်မှုရှိလာမည်ဖြစ်ကြောင်းနှင့် စာကောင်းပေကောင်းများများဖတ်ရှု့ရန်လိုအပ်ကြောင်းတို့ကို ဦးစီးအရာရှိဒေါ်ခင်၀င်းမူက ဟောပြောသည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲတွင် ၀န်ထမ်းများမှခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်း၀န်းကာကွယ်စောင့်ရှောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ လေ့လာဖတ်ရှု့လျက်ရှိပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများအား ကျောင်းသား၊ ကျောင်းသူများမှ ၀င်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)