ဒဂုံ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်ရှိ၊ ယောမင်းကြီးရပ်ကွက်ဓမ္မာရုံ၌ ဒဂုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်တွေ့ စမ်ကိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာ၀န်ကျဌာနဆိုင်ရာများ ပူးပေါင်း၍ ဒဂုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ (ပထမ)နေ့အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ Voter education ဆောင်ရွက်မှုကို ရပ်ကွက်(၅)ခုရှိ နေရာ(၈)နေရာတွင် ဩဂုတ်လ(၁၈)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဗိုလ်မှူးစောပိုင်၊ အဖွဲ့၀င် ဦးမြင့်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုး၀င်း၊ မြို့နယ်လ၀ကမှူး ဦးရဲစွာ၀င်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် တာ၀န်ကျ၀န်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရပ်ကွက်နေမဲဆန္ဒရှင် ပြည်သူ(၁၃၂၂) ဦးတို့မှ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့ (ပြန်/ဆက်)