တိုက်ကြီးမြို့နယ်တွင် Training Course on Database , GIS & Remote Sensing No.5 သင်တန်းဖွင့်ပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ဝန်ထမ်းများကို ခေတ်မီနည်းပညာများအား ဌာနလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ Training Course on Database, GIS & Remote Sensing No,5 သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ခေတ်မီမြေတိုင်းကိရိယာများ၊ ခေတ်မီနည်းပညာရပ်များကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးချနိုင်စေရန်၊ သင်တန်းမှ သင်ကြားပို့ချပေးသည့် ခေတ်မီနည်းပညာများကို မိမိတို့မြို့နယ်အတွင်းရှိ ဝန်ထမ်းများကို ဝေမျှဆောင်ရွက်နိုင်စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးများ၊ မြေတိုင်းစာရေးများ၊ စုစုပေါင်း ၇၅ ဦး တက်ရောက်ပြီး သင်တန်းကို ရက်သတ္တပတ် ၄ ပတ်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)