ဝမ်းတွင်း သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသော မိုးကြိုဝါစိုက်ခင်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ပြည့်စုံကုန်းကျေးရွာရှိ အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် B31 မိုးကြိုဝါစိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းရှိ အသင်းသားများစိုက်ပျိုးထားသော မိုးကြိုဝါ(၃၉)ဧကရှိပြီး ခူးဆွတ်ပြီးစီးမှုမှာ ယခုအချိန်ထိ (၁)ဧကလျှင်(၆၃၀)ပိဿာခန့်ထွက်ရှိကာ ပန်းတိုင်အထွက်နှုန်းရရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။ အဆိုပါ အသင်းသားများစိုက်ပျိုးထားသော ဝါများဈေးကောင်းရရှိရေးအတွက် ဝါဝယ်ယူကြိတ်ခွဲစက်များနှင့်ချိတ်ဆက်ကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)