အမရပူရမြို့နယ်၌ ငှက်ပျောနှင့်ဗေဒါအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်

အမရပူရ သြဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တို့ပူးပေါင်းဖွင့်လှစ်သည့် ငှက်ပျောနှင့်ဗေဒါအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဖွင့်ပွဲကို အဆိုပါကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက  အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဆောင်းဒါးရက်ကန်းနှင့်သက်မွေးပညာသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းကြည်က သင်တန်းဖွရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ယခုဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းဆရာများအဖြစ် Green Banana(myanmar) ရန်ကုန်မှ ဦးမြင့်သိန်းနှင့်နည်းပြဆရာခြောက်ဦးတို့က သင်တန်းသား ၃၀ တို့ကို  ၁၀ရက်ကြာ သင်ကြားပို့ချသွား​မည် ဖြစ်ကြောင်းသိရသည်။

 အခမ်းအနားသို့ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မမ၊ ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။ အခမ်းအနား အပြီးတွင် ငှက်ပျောနှင့်ဗေဒါမှ လက်တွေ့ချည်ထုတ်လုပ်ပုံနှင့်ငှက်​ပျော၊ ဗေဒါချည်များအသုံးပြု ရက်လုပ်ထားသောလူသုံးကုန်ပစ္စည်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)