အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ

မိတ္ထီလာ သြဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲကို  သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ) တွင် ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က  ကျောင်းသားကျောင်းသူများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိစေရန်၊ အသင်းအဖွဲ့အလိုက် ပါဝင်ဆောင်တက်စေရန်၊ ကာယ၊ ဉာဏအား နှစ်ဖြာပြည့်စေရန်၊ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေစွာဆက်ဆံတက်စေရန်အတွက် မိုးရာသီအားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။ ၎င်းနောက် မိုးရာသီအားကစား ပြိုင်ပွဲအား အစိုးရစက်မှုလက်မှုသိပ္ပံ(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါက်တာလေးမာန်ဝင့်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဆရာကြီး ဦးစိန်ကျော်လှိုင်နှင့် အားကစားပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇော်ထွန်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။  

အဆိုပါ မိုးရာသီးအားကစားပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသားအမျိုးသမီး လွန်ဆွဲပြိုင်ပွဲများကို သြဂုတ် ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)