တပ်ကုန်းမြို့နယ်၌ ဒေသခံပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ လက်တွေ့ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၃)၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက်၊ သာသနာ့ဂုဏ်ရည်ဓမ္မာရုံတွင် လက်တွေ့ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းနှင့် ဝန်ထမ်းများ၊ ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ရပ်ကွက်ပြည်သူများတက်ရောက်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်အောင်နှင့် ဒေါ်ဇာခြည်ဝင်းတို့က မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားကာ မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြ မဲပေးခဲ့ပြီးနောက် တက်ရောက်လာသည့် ပြည်သူများအား မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်