ကွမ်းခြံကုန်း ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ မင်းပိုင်းရပ်ကွက်၊ (အ-မ-က)ကျောင်း၌ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများအား ကွင်းဆင်းကုသခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုကို ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးမြတ်စိုးက မီးဖိုချောင်အတွင်းမှ မိမိတို့စားသုံးနေသော အသီးအနှံများ၏ဆေးဖက်ဝင်မှုအကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်အေးမြတ်စိုးက ကျောင်းသား/သူများအား တစ်ကိုယ်ရေသန့်ရှင်းရေးကြည့်ရှုစစ်ဆေးခဲ့ခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)