မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များနှင့် မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆက်လက်ဆေးထိုးနှံပေး

မြောက်ဥက္ကလာပ ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဩဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကိုယ်၀န်ဆောင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော (ရိုတာ)၊ ပိုလီယို၊  ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ရောဂါစသည့် ကာကွယ်ဆေးများကိုအသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးခြင်း၊ ကိုယ်၀န်ဆောင်မိခင်များအား  ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ခဆောင်ရွက်လျက်ရှိပြီးမြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ်ရပ်ကွက်စုရပ်နေရာများတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)