တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

တာမွေ ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများ သမဝါယမအသင်းဥက္ကဋ္ဌ ဒေါ်ခင်စန်းမြင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသင်း၏ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သီရိမွန်မှ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့်အချက်များနှင့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အသင်းမှ  အသင်းသား (၃၆၈) ဦးအား အသင်းသားဝေစု၊ အစုပေါ်အမြတ် ၃၀၈၈၀၀၀ ကျပ်နှင့် လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)