တပ်ကုန်းမြို့နယ် ရွှေမြို့ကြီးဂိုဏ်ထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဩဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအုပ်စု၊ ရွှေမြို့ကြီးဂိုဏ်ထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် ရွှေမြို့ကြီးဂိုဏ်းထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတည်ထောင်သူ ပဓာနနာယကဆရာတော် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘဒ္ဒန္တဉာဏိဿရိယ၊ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဥက္ကဋ္ဌ၊ အလှူရှင်၊ ကုသိုလ်ရှင်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ ဘဒ္ဒန္တဝိစက္ကဏဆရာတော်ထံမှ  ငါးပါးသီလခံယူပြီး အလှူရှင်မိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ရွှေမြို့ကြီးဂိုဏ်းထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရိယက ဩဝါဒစကားချီးမြှင့်ခြင်း၊ နယ်လှည့်ဓမ္မကထိကဆရာတော် ဘဒ္ဒန္တဓမ္မပါလက  လှူဒါန်းအစုစုတို့ကို  ရေစက်သွန်းချအမျှဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားအပြီးတွင် ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်းက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခဲ့ပြီး ရွှေမြို့ကြီးဂိုဏ်ထောက်ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဓမ္မယဉ်ကျေးမှုသင်တန်းကို (၁၇.၈.၂၀၂၅)မှ (၂၅.၁.၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်