ကိုကိုးကျွန်းမြို့နယ်ရုံးတွင် ပုံပြောပြိုင်ပွဲ ကျင်းပ

ကိုကိုးကျွန်း သြဂတ်၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းတွင် ပုံပြောပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးထွန်းထွန်းဇော်မှ ပုံပြောပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာ အတတ်ပညာများ၊ အတွေ့အကြုံဗဟုသုတများရရှိစေရန် ပြိုင်ပွဲများကို ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း လူငယ်များအနေဖြင့်လည်း မိမိတို့ဌာနမှပြုလုပ်ပေးသည့်ပြိုင်ပွဲများကို ဝင်ရောက်ယှဥ်ပြိုင်စေလိုကြောင်း လူငယ်များမှပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့် စကားပြောစွမ်းရည်နှင့် လူအများအရှေ့တွင် ရဲဝံ့စွာပြောဆိုနိုင်သည့် အလေ့ကျင့်ကောင်းများရှိလာပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မနှင်းဖွေးပုံပြင်စာအုပ်မှ တန်ဖိုးကိုယ်စီခေါင်းစဥ်ဖြင့် ပုံပြောပြိုင်ပွဲကို ကျင်းပရာ ဝင်ရောက်ယှဥ်ပြိုင်သူ ၁၂ ဦးရှိကြောင်း သိရသည်။ အဆိုပါပုံပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)