တနိုင်း သြဂုတ် ၁၇
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင်ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၁) အခြေခံအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.ထ.က (၁) ကျောင်းမှ G-10ကျောင်းသား/သူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တနိုင်းမြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ တနိုင်းခရိုင်၊ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် တနိုင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ် ရီရီဝင်း တို့မှ G-12 ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား/သူ များကို အမှာစကားပြောကြားခဲ့သည်။
မြို့နယ်ပညာရေးကော်မတဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှG-12 တွင် ထူးချွန်စွာအောင်မြင်သော ၄ ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၇) ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၆) ဦး နှင့် ထူးချွန်စွာ သင်ကြားပေးသော ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၁၀) သိန်းကျပ်အား ချီးမြှင့်ခဲ့သည်။ ပြည်အောင်နိုင်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တို့မှလည်း ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအတွက် (၁၀)သိန်းကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ကျောင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ကျောင်းသား/ သူ မိဘများ၊ ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မနောမြေ(တနိုင်း)