မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်ကျင်စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းယန်း ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရေဝေရေလဲဧရိယာများ ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲက မိုင်းယန်းမြို့နယ်အစ၊ မိုင်းခတ်မြို့နယ်အဆုံး နယ်စပ်ရှိ တောင်စောင်းမြေကွက်လပ်တွင် ကျင်းပသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ထိန်းသိမ်းရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) မိုင်းခတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်းနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ မိုင်းယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မိုင်းခတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ကျွန်း(၁၅၀)နှင့် မယ်ဇလီ(၁၀၀) ပျိုးပင်စုစုပေါင်း (၂၅၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။  

ထွန်းထွန်းထူး