‎ပင်းတယမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ ‎(U -12) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပင်းတယ ဩဂုတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ( U -12 )၊ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အ-မ-က(၃)ငှက်ပျောတော အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် မိုင်းလီဇုန်အသင်းနှင့် ရွှေပုထိုးဇုန်အသင်းတို့မှ ကွင်းအတွင်းနေရာယူပြီး ယှဉ်ပြိုင်ကစားကြရာ မိုင်းလီဇုန်အသင်းက ရွှေပုထိုးဇုန်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ထို့နောက် ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများမှပြိုင်ပွဲတစ်လျှောက် အသန့်ရှင်းဆုံးဆုရဘောလုံးအသင်း၊နှစ်သိမ်ဆု၊ တတိယဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ပွဲစဉ်တစ် လျှောက်အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆုနှင့်အလယ်တန်းအကောင်းဆုံးဆုများနှင့်ပထမဆုရ အသင်းအားဂုဏ်ပြုဆုငွေ၊ ဆွဲပြားနှင့်ဒိုင်းဆုတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၂ အောက် ဘောလုံးပြိုင်ပွဲအား ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိကျင်းပပြု လုပ်ပေးခဲ့ကြောင်းနှင့်၎င်းအားကစားပြိုင်ပွဲသို့ ဇုန်အလိုက်အသင်းပေါင်း စုစုပေါင်း(၈)သင်းဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)