ပြည်ကြီးတံခွန်မြို့နယ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် နေ့လည်စာအာဟာရထမင်းကျွေး

ပြည်ကြီးတံခွန် ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်း(၂၅)ကျောင်းရှိရာ ထိုသက်ဆိုင်ရာ ကျောင်းများအသီးသီးထံ တိုင်းဒေသကြီးပညာရေးမှူးရုံး (မန္တလေး)အဖွဲ့များက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ယမန်နေ့နေ့လည်က ကျောင်းသား/သူများလေးများအား နေ့လည်စာအာဟာရ ထမင်းကျွေးခဲ့သည်။

အဆိုပါ အာဟာရကျွေးမွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာန၊ ‌အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ ဩဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ် အဖြစ်သတ်မှတ်ပြီး ကျောင်းကျန်းမာ‌ရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် (၁၁.၈.၂၀၂၅) ရက်နေ့မှ (၁၅.၈.၂၀၂၅) ရက်နေ့အထိ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ သက်ဆိုင်ရာကျောင်းအသီးသီးထံ၌ ကျောင်းသား/သူ (၄၁၂)ဦးအား နေ့လည်စာအာဟာရ ထမင်းကျွေး‌ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ပြန်/ဆက်)