တောင်ကြီး ဩဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အာဟာရ အချက်အပြုတ်ပြိုင်ပွဲကျင်းပသည်။
ပြိုင်ပွဲမစတင်မီ ဒိုင်အဖွဲ့မှ ပြိုင်ပွဲစည်းကမ်းများအား ပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ကျောင်းများမှ Grade-11 ကျောင်းသား ကျောင်းသူများက အဟာရမျှတစေရန် အစားအုပ်စု (၃)မျိုးဖြင့် ချက်ပြုတ်ယှဉ်ပြိုင်နေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဝင်းနိုင်၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအား ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးရုံး၊ အစည်းအဝေးခန်းမ၌ “ကလေးငယ်များ အနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့ ရင်းနှီးမြှုပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပြုလုပ်သည့် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှု မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲသို့ စံပြမိခင်များ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ပြည်နယ်မိခင် နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးပြီး တက်ရောက်လာသည့် မိခင်များအား ခေါက်ဆွဲစည်းနှင့် အိုင်အိုဒင်းဆားတို့ကို ဝေငှပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)