နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) သက်ကြီးဘိုးဘွားများအတွက် UID (Smart Cards)ကတ်များ မင်္ဂလာမြို့နယ်၌ အိမ်အရောက် ကွင်းဆင်း‌ဆောင်ရွက်

မင်္ဂလာဒုံ  ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) သက်ကြီးဘိုးဘွားများအတွက် UID ကတ် (Smart Cards)များကို ယမန်နေ့ညနေပိုင်းက တိုးချဲ့ရပ်ကွက်သို့ အိမ်အ‌ရောက် (Home Service) ကွင်းဆင်းလျက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သက်ကြီးဘိုးဘွားများအတွက် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး UID ကတ်(Smart Cards) များ ဆောင်ရွက်ပေးခြင်းကို တိုးချဲ့ရပ်ကွက်နေ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ဖြစ်သော ပင်စင်စား သက်ကြီးဘိုးဘွားအား တိုက်နယ်တာဝန်ခံ ဒုလဝကမှုး ဒေါ်နွယ်မာထွန်းကကြီးကြပ်၍ UID ကတ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း