မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာထက်တန်းကျောင်းတွင်(၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲ ဓမ္မသဘင်အခမ်းအနားပြုလုပ်

မြောက်ဥက္ကလာပ  ဩဂုတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်တွင်းပြည်ပ (ပ)သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဟောကြားတော်မူသည့် (၃၈)မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲကို ယမန်နေ့နံနက် ၉ နာရီက (ဆ)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမြတ်ခရေခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို ဓမ္မသဘင်သို့ တက်ရောက်လာကြ သောဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ တာ၀န်ရှိ သူများ ၊ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ပြည်တွင်းပြည်ပ (ပ)သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ပြည်တွင်းပြည်ပ (ပ) သုံးလုံးသာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တ ဝိမလာဘိဝံသ ထံမှ (၃၈)ဖြာမင်္ဂလာ နှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု တရားများ နာယူကြပြီး ဆရာတော်အရှင်သူမြတ်အား တာ၀န်ရှိသူများက နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ယင်းနောက် ပြည်တွင်းပြည်ပ (ပ) သုံးလုံးသာသနာပြု ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ရေစက်ချတရား နားယူကြပြီး လှူဒါန်းမှုကုသိုလ် အစုစုတို့အား ရေစက်သွန်ချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုအဓိဋ္ဌာန်ပြုဆုတောင်း၍ ဓမ္မသဘင်အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)