တပ်ကုန်း ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မတ် (၂၈)ရက် မန္တလေးမြေငလျင်ကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ကျက်သရေဆောင် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေးအတွက် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ ဦးဆောင်၍ ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက ဗိုလ်မင်းရောင်ရပ်ကွက်၊ မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအေးလူက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝင်းထွဋ်အောင်က တည်ဆောက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ၊ တည်ဆောက်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အလှူရှင် (၉၄)ဦး၏ အလှူငွေများ လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
တပ်ကုန်းမြို့နယ်ကျက်သရေဆောင် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်မည့် အဆောက်အဦမှာ အလျား (၁၄၄)ပေ၊ အနံ (၆၈)ပေ၊ နှစ်ထပ်အဆောက်အဦဖြစ်ပြီး၊ ပထမအကြိမ် အလှူငွေကျပ်သိန်းပေါင်း (၁၃၄၆၇၃၇၉၁) ရရှိကြောင်း သိရသည်။
တင်စိုးလွင်