ကျိုက်မရောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်မရော သြဂုတ် ၁၅

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက အ.ထ.က (ခွဲ) ရေတွင်းကုန်းကျောင်းခန်းမ၌ ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက “လူငယ်များနှင့် အင်တာနက်ပေါ်က သတင်းအမှားများ၏ အန္တရာယ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် အ.ထ.က (ခွဲ) ရေတွင်းကုန်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးခွန်းများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)