မော်လမြိုင် ဩဂုတ် ၁၅
မော်လမြိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောကို ဩဂုတ်လ ၁၁ ရက်နေ့မွန်းလွဲပိုင်းက မိုးသောက်ပန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်ကကျောင်းသား/ကျောင်းသူများအား အတွေး အခေါ်မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသောလူငယ်များဖြစ်ပေါ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလိုလူငယ်ရေးရာအသိပညာပေးဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေများသည် ပညာဗဟုသုတများစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဆွေးနွေးဟောပြာခဲ့ သည်။
ဆက်လက်၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့်နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှလုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့်ငွေကြေးလိမ်လည်များကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များကို အသိပညာပေးပြောကြားကာ လန်ချမ်း- မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ဗီဒီယို ၂ ခုအား ကျောင်းသား၊ ကျောင်းသူများကိုပြသခဲ့ပြီး ဗီဒီယိုမှရရှိနိုင်သည့် အကျိုး ကျေးဇူးများအကြောင်းတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)