စဉ့်ကိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာ သင်တန်းဆင်း

စဉ့်ကိုင် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြ‌ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင် စံပြကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်း ဆင်းပွဲနှင့် လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယ‌နေ့နံနက် ၁၀နာရီက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါ်ငြိမ်းအေး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှူး ဦးထွန်းဇော်ဦး၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနးမှူး ဦးအောင်မျိုးလွင်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းဗိုလ်၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးကျော်ဇေယျာဝင်း၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါ်ငြိမ်းအေးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်း‌လင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)နှင့် တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းများမှ လုပ်ငန်းထူထောင်မည့်လုပ်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်  သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား  ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းများမှ သင်တန်းသူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)