ဒေါပုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကျင်းပဆောင်ရွက်

ဒေါပုံ ဩဂုတ် ၁၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် မိခင်နှင့်ကလေးပိုင်သားဖွားခန်း၌ ဩဂုတ်လ ၁၂ ရက်နေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေ၊ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးတို့ကတက်ရောက်ခဲ့ကြပြီး ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမျိုးခိုင်က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးရေးအတွက် နေထိုင်စားသောက်နည်းများကိုဟော ပြောဆွေးနွေးပေးခဲ့ပြီး မိခင်နို့စနစ်တကျတိုက်ကျွေးနည်းများကိုပါသရုပ်ပြရှင်းလင်းပေးခဲ့သည်။ ဆက်လက်၍ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့်သန်ချဆေးများတိုက်ကျွေးခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များအား အာဟာရအဖြစ်ငှက်ပျောသီး၊ ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့်အားဆေးများကိုတာဝန်ရှိသူများကပေးဝေခဲ့ကြပြီး တက်ရောက်လာသူများအား အအေးနှင့်မုန့်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။ ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်နုနုဆွေနှင့်တာဝန်ရှိသူများက အသင်းပိုင်သားဖွားခန်းအားစစ်ဆေးကြည့်ရှုခြင်းနှင့်မြို့နယ်တိုင်းရင်းဆေးစိုက်ခင်းရှိ တိုင်းရင်းဆေးပင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)