မိုင်းခတ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင်ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့မွန်းလွဲ ၂ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြသခဲ့သည်။
အဆိုပါအသိပညာပေးပြပွဲတွင် အထွေထွေဗဟုသုတစာအုပ်များ၊ စာပေဗိမာန်ဆုရစာအုပ်များ၊ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်များ၊ နိုင်ငံ့ဂုဏ်ရည်နှင့် မြဝတီမဂ္ဂဇင်းများ၊ သုတအလင်းမဂ္ဂဇင်းနှင့် အားကစားဂျာနယ်များစသည့် သုတ/ရသစာအုပ်များ ပြသပြီး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များကို အသိပညာပေးပြသရာစာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Women Clubအဖွဲ့ဝင်များနှင့် စာဖတ်၊ စာငှားပရိသတ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)