မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကာယစွမ်းရည်ပြိုင်ပွဲ ပြုလုပ်

မိုင်းခုတ် သြဂုတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင်​ ယနေ့မွန်းလွဲ ၁ နာရီခွဲက ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး​ ဒေါ်ခင်သန္တာ​အောင်က ​ပြိုင်ပွဲကျင်းပရ​ခြင်း၏ရည်ရွယ်ချက်ကို ပြောကြားပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၁၂ ဦးက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါကာယစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့​​ကြသည့်​​ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးမှ ကျောင်းဝတ်စုံများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)