မိုင်းခုတ် သြဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community center) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲက ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယ ဦးစီးမှူးဒေါ်ခင်သန္တာအောင်ကပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီး မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ၁၂ဦး ကပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းခုတ်မြို့ရုံးမှကျောင်းဝတ်စုံများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့(ပြန်/ဆက်)