ရွှေပြည်သာ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် U-14(Boys) Royal-D Cup 2025 မြို့နယ်အဆင့်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ(၄)နာရီက အမှတ်(၈)ရပ်ကွက် နဝရတ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတို့ယှဉ်ပြိုင်ကြရာ အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်းမှ (၂:၀)ဖြင့်အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကို့ကျင်းပရာ ပထမဆုရအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်ဦးက ဆုတံဆိပ်နှင့်ဆွဲပြားများကိုလည်းကောင်း၊ ဒုတိယဆုရအမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းအသင်းအား မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်ကလည်းကောင်း၊ တတိယဆုရ အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်းအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းလှိုင်ကလည်းကောင်းပေးအပ်ချီးမြှင့်ခဲ့ပြီး တစ်ဦးချင်းအကောင်းဆုံးရသူများကို ပြိုင်ပွဲကျင်းပရေးကော်မတီမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
မြို့နယ်အဆင့်ဘောလုံပြိုင်ပွဲတွင် ပထမဆု(၅၀၀၀၀၀/-)သိန်းကျပ်၊ ဒုတိယဆု (၃၀၀၀၀၀/-) သိန်းကျပ်၊ တတိယဆု(၂၀၀၀၀၀/-)သိန်းတို့ကိုပေးအပ်ချီမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းများမှ(၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)