မိုင်းယန်းမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric(UID)ကဒ်ရရှိရေး ဆောင်ရွက်ပေး

မိုင်းယန်း ဩဂုတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric(UID) ကဒ်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေနှင့် တာဝန်ရှိဝန်ထမ်းများတို့မှ အငြိမ်းစားပင်စင်လစာငွေရရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ Biometric Data ကောက်ယူ၍ Unique Identification Number (UID) ကဒ်ထုတ်ပေးခြင်းနှင့် (UID)လုပ်ငန်းများအား အဆင်ပြေမြန်ဆန်စွာ ရရှိကိုင်‌ဆောင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့နယ်အတွင်း၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာငွေရရှိသူ စုစုပေါင်း (၄၈)ဦးရှိကြောင်း သိရသည်။

ထွန်းထွန်းထူး