မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး မင်္ဂလာဒုံမြို့နယ်၌ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

မင်္ဂလာဒုံ သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစီအစဉ်ဖြင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ သွားလာမှုအဆင်ပြေစေ‌ရေးအတွက် စည်ပင်သာယာလမ်းနယ်ပေါ်တွင် စည်းကမ်းမဲ့ရောင်းချနေကြသည့် ဈေး သည်များ၊ အမိုးအဖီများ၊ တရားဝင်ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်များကို ဖျက်သိမ်းဆောင်ရွက်ခြင်းအား ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာနယ်နိမိတ်အတွင်းခရေပင်လမ်းမကြီးရှိ လမ်းဘေးဝဲ/ယာတစ်လျှောက်တို့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများက အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးသန်းဦး၏ကွပ်ကဲမှုဖြင့် စည်ပင်သာယာဝန်ထမ်းများက စည်ပင်သာယာနယ်နိမိတ်အတွင်း ၎င်းလမ်းများရှိ လမ်း‌ဘေး/ဝဲယာ၌ လမ်းနယ်ကျူး​ကျော်၍ဖွင့်လှစ်ရောင်းချနေသော စျေးဆိုင်များအားလည်းကောင်း၊ စားသောက်ဆိုင်များနှင့်လုပ်ငန်းသုံးအရောင်းဆိုင်များအားလည်း‌ကောင်း မိမိပိုင်ဆိုင်သည့်နေရာ၊ အဆောက်အဦကျော်လွန်၍ မြို့တော်စည်ပင်သာယာ‌ရေးကော်မတီပိုင် လမ်းနယ်အတွင်းသို့ ကျူး ကျော်ခင်းကျင်းရောင်းချခြင်းမရှိစေရေးတို့အတွက် လမ်းနယ်ပေါ်တွင်စည်းကမ်းမဲ့ ရောင်းချနေသည်များကိုဖယ်ရှားကာ အမိုးအဖီများနှင့်ခွင့်ပြုချက်မဲ့ကြော်ငြာဆိုင်းဘုတ်များကို ဖျက်သိမ်းဖြုတ်ချစေခဲ့ပြီး စနစ်တကျရောင်းချစေရန်နှင့် မြို့နယ်စည်ပင်သာယာနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်မှာကြားခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း