ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာ​ပေချစ်မြတ်နိုးသူ ကျောင်းသူများ (Book Club ,Youth  Club အဖွဲ့) ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပင်လုံ သြဂုတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင်  စာပေချစ်မြတ်နိုးသူ ကျောင်းသူလူငယ်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ဝိုင်းဆောင်ရွက်ပေးရခြင်းမှာ လူငယ်များစာဖတ်သင့်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဗဟုသုတအလိမ္မာတိုးပွားနိုင်​ကြောင်း၊ ကျောင်းသင်ခန်းစာများကို အထောက်အကူပြုကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဆက်ဆံ​ရေးရှိကြောင်း၊ စာဖတ်ခြင်းဖြင့် အတွေးအခေါ်များ ထက်မြက်လာနိုင်ကြောင်းကို ရည်ရွယ်၍ ​စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း” စာအုပ်မှ လူငယ်နှင့်အခွင့်အလမ်း၊ အားတက်အောင် စကားလက်ဆောင် ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များအဖွဲ့ (Book Club, Youth Club)မှ အဖွဲ့ဝင်များဖြစ်သော မနန်းဖြူဖြူဝင်းမှ “လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိမ့်မြတ်သွယ်မှ “အောင်မြင်မှုရယူခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မပိုးပိုးဝတ်ရည်မှ “စာပေဟောပြောပွဲအတွေ့အကြုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ ဆွေးနွေးခဲ့သည့်အကြောင်းအရာများအား ခြုံငုံသုံးသပ်ဆွေးနွေးကာ အသိပညာဗဟုသုတများကို အပြန်အလှန်မျှဝေခဲ့ပြီး စာဖတ်ခြင်းသည် လူ့ဘဝတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ စာဖတ်ခြင်းကလူတစ်ဦး၏ သိမြင်ချင်စိတ်ဖွံ့ဖြိုးမှု၊ အသိပညာဗဟုသုတများ၊ စိတ်ခံစားမှုတိုးတက်​စေကြောင်းကို  ကျောင်းသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)