မိုင်းနောင်မြို့  အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပ

မိုင်းနောင် သြဂုတ် ၁၁

မိုင်းနောင်မြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နန်းမီးကလူငယ်စကာဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်လူမှုဆက်ဆံရေး၊ လူငယ်နှင့်ဘဝအရင်းအနှီး၊ လူငယ်နှင့်စာပေခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကာ အထက်တန်းပြဆရာမ ဒေါ်နွယ်နွယ်အောင်က လူငယ်စကားဝိုင်းဆောင်ရွက်ပေးခြင်းအပေါ်ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)