သန်လျင်မြို့နယ် အ.မ.က( ၁)မူလတန်း(လွန်)ကျောင်း၌  (အခမဲ့)ဆေးကုသပေးခြင်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၁၁

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်ဝါဝါလင်း ဦးဆောင်၍ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်အတွက် တိုင်ရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(၁)မူလတန်း (လွန်)ကျောင်း၌ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းရင်းဆေပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ကွင်းဆင်းဆေးကုသရေးအဖွဲ့ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်ဝါဝါလင်းက ကျောင်းသား၊ ကျောင်းသူများ မိုးရာသီကာလတွင်အဖြစ်များသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးတိုးရောဂါ၊ ရာသီတုပ်ကွေး၊ ချောင်း ဆိုးနှင့်အခြားရောဂါများအတွက် တိုင်းရင်းဆေးများ(အခမဲ့)ပေးအပ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)