မင်္ဂလာဒုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

မင်္ဂလာဒုံ ဩဂုတ် ၁၁    

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍တိုက်ပွဲရှောင်ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို အဖွဲ့ (၄)ဖွဲ့ခွဲပြီး ကျေးရွာအုပ်စု(၄)အုပ်စုသို့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထူးကျော်ကအကြမ်းဖက်ဖြစ်စဉ်များကြောင့် မင်္ဂလာဒုံမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်ကြသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှလိုအပ်သည့် ထောက်ပံ့ငွေများပေးအပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ပေးသည့်ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်သို့အရောက် မြေပြင်ကွင်းဆင်းပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အဖွဲ့(၄)ဖွဲ့ခွဲပြီး ကုန်းတလပေါင်ကျေးရွာအုပ်စု၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ တိုက်ပွဲရှောင်ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများထံသို့ တစ်လလျှင်တစ်ဦးအတွက်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်ထောက်ပံ့ခဲ့ရာ ၂၀၂၅ ခုနှစ်  ဧပြီ၊ မေ၊ ဇွန် (၃)လစာအတွက် တစ်ဦးလျင်‌ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် (၈၀၆)ဦးအတွက် စုစုပေါင်း ငွေကျပ် ၄၈၃၆၀၀၀၀ အား  ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မင်းသိန်းထွန်း