ခရမ်း ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ခရမ်းမြို့မဈေးဝန်းအတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ဩဂုတ်လ ၉ ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနနှင့်တာ ဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရမ်းမြို့ မြို့မစျေးကြီးအတွင်းရှိဆေးဝါးရောင်းချနေသည့်ဆေးဆိုင်များတွင် သတ်မှတ်ထားသောဆေးဝါးများသာရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများမရောင်းချရန်၊ မြန်မာဘာသာနှင့်ရေးသားထားသောကုန်အညွှန်းမှတ်သားပါသည့် တိုင်းရင်းဆေးဝါးများကိုသာရောင်းချရန်နှင့် အများပြည်သူသုံး စွဲရန်မသင့်သည့် ခွင့်ပြုမဲ့တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစစ်ဆေးခြင်းကို ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူး ပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ခရမ်း(ပြန်/ဆက်)