မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေး

မန္တလေး  ဩဂုတ်၁၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီက Capital Taiyo Life Insurance ကုမ္မဏီမှ လာရောက်ပြီး အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးရာတွင် Capital Taiyo Life Insurance ကုမ္မဏီမှ ဦးနေလင်းထူးက အာမခံအမျိုးအစားများဖြစ်သည့် ကျန်းမာရေးအာမခံ၊ ပြင်းထန်သောရောဂါကုသမှုအာမခံ၊ ငွေစုအသက်အာမခံ၊ စုပေါင်းအသက် အာမခံ၊အထူးခရီးသွားအာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ပညာရေးအာမခံ၊ မြွေအန္တရာယ်အသက်အာမခံ၊ တောင်သူလယ်သမား အသက်အာမခံ၊ အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ အမျိုးအစားများအနက်  စုပေါင်းအသက်အာမခံ ထားရှိရာတွင် အနည်းဆုံးလူဦးရေ(၅)ဦးနှင့်အထက်ထားရှိရမည်ဖြစ်ကြောင်း၊ သေဆုံးခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့အတွက် ရရှိနိုင်သော အကာအကွယ်များ၊ အကျိုးကျေးဇူးများဆိုင်ရာများ၊ ငွေစုအသက်အာမခံတွင်လည်း ပရီမီယံကို လစဉ်ဖြစ်စေ၊ ၃လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၁ နှစ်တစ်ကြိမ်နှင့် တစ်လုံးတည်းပေးဟူ၍ ရွေးချယ်ပေးသွင်းနိုင်ကြောင်းပေးသွင်းရာတွင် အနည်းဆုံး၆လပေးသွင်းပြီးမှသာ အာမခံငွေများထုတ်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အာမခံ အမျိုးအစားနှင့်ပက်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်